ချစ်ခြင်းမေတ္တာကိုသိခြင်း

ချစ်ခြင်းမေတ္တာကိုသိခြင်း A Love God Greatly Burmese Bible Study Journal

Paperback (26 Apr 2024) | Undetermined

  • $14.81
Add to basket

Includes delivery to the United States

10+ copies available online - Usually dispatched within 7 days

Publisher's Synopsis

"ချစ်သူတို့၊ ဘုရားသခင်သည် ငါတို့ကို ဤမျှလောက် ချစ်တော်မူသည်မှန်လျှင်၊ ငါတို့သည်လည်း အချင်းချင်း ချစ်ရကြမည်။"၁ယော ၄ ၁၁ သခင်ယေရှုချစ်သောတပည့်တော် ရှင်]ယောဟန်က သူရေးသားထားသော ကျမ်းတိုသုံးစောင်တွင် စာဖတ်သူများအား အချင်းချင်း တစ်ယောက်ကိုတစ်ယောက်ချစ်ရန် တစ်ဆယ့်သုံးကြိမ်တိုင်တိုင် အားပေးနှိုးဆော်စာ ရေးထားခဲ့ပါတယ်။ "ဘုရားသခင်သည် ငါတို့ကိုရှေ့ဦးစွာ ချစ်တော်မူသောကြောင့်၊ ငါတို့သည် ဘုရားသခင်ကိုချစ်ကြ၏။" ]၁ယော ၄ ၁၉ ကျွန်ုပ်တို့တွေ တစ်ယောက်ကိုတစ်ယောက် ချစ်နိုင်ကြတာဟာ ကျွန်ုပ်တို့အတွက် သားတော်ကို ယဇ်အဖြစ်ပေးခဲ့သော ဘုရားသခင်ထံတော်မှရရှိတဲ့ ချစ်ခြင်းမေတ္တာကြောင့်သာ ဖြစ်ပါတယ်။ "ပညတ်တော်တို့အတိုင်း ကျင့်စောင့်ခြင်းအရာသည် ချစ်ရာရောက်၏။ သင်တို့သည် ပညတ်တော်နှင့်အညီ ကျင့်မည်အကြောင်း၊ ရှေးဦးစွာကပင် သင်တို့ကြားရသည်အတိုင်း၊ ပညတ်တော်သည် ထိုသို့သော သဘောရှိ၏" ၂ယော ၁ ၆ ရှင်ယောဟန်သည် ဤကျမ်းစာစောင်များတွင် ချစ်ခြင်းမေတ္တာနှင့်နာခံခြင်း၏ နက်ရှိုင်းသောဆက်စပ်မှုကို ရှင်းပြခဲ့ပါတယ်။ ကနဦးအသင်းတော်များအား ဘုရားသခင်ရဲ့ပညတ်တော်များကို သစ္စာစောင့်သိရန် (သစ္စာရှိရှိနာခံဖို့) အားပေးနှိုးဆော်ခဲ့သည့်နည်းတူ ယခုလက်ရှိကျွန်ုပ်တို့ကိုလည်း ဆက်၍အားပေးနှိုးဆော်ထားပြန်ပါတယ်။ အခြားသူများကိုချစ်ခြင်းအားဖြင့် ကျွန်ုပ်တို့မှတဆင့် ဘုရားသခင်ရဲ့မေတ္တာကို လောကသားတွေမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာကိုသိခြင်း ။ ။ ခရစ်တော်၌ယုံကြည်ကြသူများအား ဘုရားသခင်၏မေတ္တာတော်၌ တည်နေရန် တမန်တော်ကြီးရှင်ယောဟန်က လမ်းညွှန်အားပေးထားတာကို ရှင်ယောဟန်​]ဩဝါဒစာ​ ပထမစောင်၊ ဒုတိယစောင် နှင့် တတိယစောင်ကို လေ့လာခြင်းအားဖြင့် သိရှိတွေ့မြင်ရမှာဖြစ်ပါတယ

Book information

ISBN: 9781034175063
Publisher: Blurb, Inc.
Imprint: Blurb
Pub date:
Language: Undetermined
Number of pages: 114
Weight: 163g
Height: 229mm
Width: 152mm
Spine width: 6mm