အစအဦး၌

အစအဦး၌ A Love God Greatly Burmese Bible Study Journal

Paperback (20 Mar 2024) | Undetermined

  • $15.46
Add to basket

Includes delivery to the United States

10+ copies available online - Usually dispatched within 7 days

Publisher's Synopsis

မည်သည့်အရာမျှ ဘုရားသခင်အတွက် အံ့အားသင့်စရာမဟုတ်ပါ။ အစအဦး၌ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်တွင် သက်ရှိများကိုဖန်ဆင်းရန် စီစဉ်ခဲ့ပါတယ်။ အစအဦး၌ ဘုရားသခင်သည် လူသားများကို သူ၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခဲ့ပါတယ်။ အစအဦးကတည်းက ဘုရားသခင်သည် ကျွန်ုပ်တို့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းနှင့် မိတ်သဟာယဖွဲ့ရန်အလိုတော်ရှိခဲ့ပြီး ဘုရားသခင်သည် ကျွန်ုပ်တို့အား အပြစ်မှရွေးနှုတ်ကယ်တင်ခြင်းအတွက်လည်း အစီအစဉ်ရှိခဲ့ပါတယ်။ " အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။ " ကမ္ဘာဦးကျမ်း ၁ ၁ ဘုရားသခင်သည် ကမ္ဘာကြီးအား အသေးစိတ်ဖန်ဆင်းခဲ့သောအချိန်၌ မည်သည့်အရာဖြစ်ပျက်ခဲ့ပါသလဲ။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခံရခြင်းဆိုသည်မှာ အဘယ်နည်း။ အာဒံနှင့်ဧဝ ပထမဦးဆုံးအပြစ်ကျူးလွန်ချိန်၌ ဧဒင်ဥယျာဉ်ထဲမှာ ဘာဖြစ်ခဲ့ပါသလဲ။ ဘုရားသခင်သည် အာဒံနှင့်ဧဝတို့အား တားမြစ်ထားသောအသီးကို ချဉ်းကပ်နိုင်ရန်နှင့်စားသုံးနိုင်ရန် ဘာကြောင့်အခွင့်ပေးခဲ့ပါသလဲ။ နောဧခေတ်က ရေလွှမ်းမိုးခြင်းသည် ကမ္ဘာကြီးတစ်ခုလုံးကို အမှန်တကယ်ဖုံးလွှမ်းခဲ့ပါသလား။ ကမ္ဘာဦးကျမ်း၌ မျိုးရိုးစဉ်ဆက်များ၏ မှတ်တမ်းများသည် ဘာကြောင့်ဒီလောက်များရတာလဲ။ ဗာဗုလုန်ရဲတိုက်ကြီး ဘာဖြစ်ခဲ့ပါသလဲ။ ဤ "In the beginning - အစအဦး၌" သမ္မာကျမ်းစာလေ့လာခြင်းသင်ခန်းစာသည် ကမ္ဘာဦးကျမ်း အခန်းကြီး ၁ မှ ၁၁ အားသင်ယူလေ့လာရမည့်ခြောက်ပတ်ကြာ သင်ခန်းစာဖြစ်ပါတယ်။ ဤသင်ခန်းစာသည် ဖန်ဆင်းခြင်းနှင့်ဆိုင်သောအကြောင်းအရာ၊ လူသားမျိုးနွယ်၏ဇစ်မြစ်၊ ကမ္ဘာကြီးပေါ်တွင် အပြစ်တရား၏ အကျိုးသက်ရောက်မှု၊ ကတိတော်အတိုင်းပြုတော်မူခြင်း၊ ရေလွှမ်းမိုးမှုဖြစ်ရခြင်း၏ အကြောင်းအရင်းများ၊ နောဧနှင့်သူ၏မိသားစုအတွက် ဘုရားသခင

Book information

ISBN: 9781034657903
Publisher: Blurb, Inc.
Imprint: Blurb
Pub date:
Language: Undetermined
Number of pages: 154
Weight: 213g
Height: 229mm
Width: 152mm
Spine width: 8mm